高萍总领事出席曼德勒外国语大学中文演讲比赛活动
驻曼德勒总领事馆 胞波在线 2025年02月17日 19:30
ကောင်စစ်ဝန်ချုပ်MS.GAOPINGကမန္တလေးနိုင်ငံခြားဘာသာသက္ကသိုလ်
တရုတ်ဘာသာစကားပြောစွမ်းရည်ပြိုင်ပွဲလှုပ်ရှားမှုကိုတက်ရောက်ချီးမြင့်။
ဖေဖေါ်ဝါရီလ(၁၇)ရက်နေ့တွင် တရုတ်နိုင်ငံမန္တလေးအခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ် ဝန်ချုပ် MS.GAOPING သည် ၂၀၂၄-၂၀၂၅ခုနှစ်စာသင်နှစ် မန္တလေးနိုင်ငံခြားဘာသာသက္ကသိုလ်တရုတ်ဘာသာ စကားပြောစွမ်းရည်ပြိုင်ပွဲဖွင့်ပွဲကို တက်ရောက်ချီးမြင့်ခဲ့ပါသည်။ မန္တလေးတိုင်းဒေသကြီးအစိုးရ လူမှုရေးရာဝန် ကြီး ဦးအောင်ကျော်မိုး၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ပါမေက္ခချုပ်ဒေါက်တာဒေါ်တင့်တင့်နှင့် ဆရာဆ ရာမ ကျောင်းသူကျောင်းသားလူ(၃၀၀)ခန့်ပါဝင်ခဲ့ကြပါသည်။
ကောင်စစ်ဝန်ချုပ် MS.GAOPING က အမှာစကားပြောကြားရာတွင်-ယခုနှစ်များအတွင်း မြန်မာနိုင်ငံ မှာ တရုတ်ဘာသာလေ့လာသင်ယူသည့်ခေတ်သစ်လှိုင်းထွက်ပေါ်လာနေပါကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်းဒေ သတက္ကသိုလ်ကျောင်းများမှာ တရုတ်ဘာသာသင်ကြားရေးအရှိန်အဟုန် မြင့်တက်လာကာ အောင်မြင်မှုများရရှိ နေပါကြောင်း၊ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးအနေနှင့် မြန်မာလူငယ်များ တရုတ်နိုင်ငံသို့ပညာတော်သင်သွား ရောက်ကာ တရုတ်ဘာသာသင်ယူရေးကို အဆင်ပြေချောမွတ်အောင်ဆောင်ရွက်ပေးမှာဖြစ်ပါကြောင်း၊ မြန်မာ လူငယ်များအနေနှင့်တရုတ်နိုင်ငံ၏အခြေအနေကို မှန်ကန်စွာနားလည်စေလိုပါကြောင်း၊ တရုတ်လူငယ်များနှင့် အတူ အပြန်အလှန်ပညာသင်ယူအတူယူကာ အတူတကွတိုးတက်ဖွံ့ဖြိုးစေလိုပါကြောင်း၊ နှစ်နိုင်ငံပြည်သူ အကြားပေါင်းကူးတံတားနှင့် ချစ်ကြည်ရေးတံမန်တော်များအဖြစ် ဆောင်ရွက်စေလိုပါကြောင်း စသည်ဖြင့်ပြော ကြားသွားပါသည်။
ဝန်ကြီးဦးအောင်ကျော်မိုးကလည်းစကားပြောကြားရာတွင်- မြန်မာနိုင်ငံမှာအဆင့်မြင့်တရုတ်ဘာသာ ကျွမ်းကျင်သည့်ထူးချွန်သူများကို မွေးထုတ်ပျိုးထောင်လိုပါကြောင်း၊ မြန်မာတရုတ်ချစ်ကြည်ရေးကို စဉ်ဆက် မပြတ်တိုးတက်စေလိုပါကြောင်း၊ နှစ်နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးကို အားပေးဆောင်ရွက်ကြစေလိုကြောင်း စသည် ဖြင့်ပြောကြားသွားပါသည်။

本文系胞波网独家稿件,如若转载,请注明出处:https://www.paukphaw.net/110676.html