美国“太空滞留”事件带来的些许思考
(附缅文版)
近日,美国“太空滞留”事件再次引发全球关注。据美联社等多家媒体报道,美国国家航空航天局(NASA)12月17日宣布,滞留太空的两名美国宇航员返航时间将至少延迟至明年3月底。
美国曾是世界上最早开展航天活动的国家之一,其航天活动规模和技术水平长期居于世界前列。1926年,美国发射了世界上第一枚以液氧、汽油为推进剂的液体火箭,1958年发射了第一颗人造卫星“探险者”1号、1959年至1963年,实施了首个载人航天项目——水星计划,再到1961年至1975年的阿波罗计划,在整个20世纪,可以说美国取得的航天成就举世瞩目。而近年来,美国的航天发展似乎遇到了瓶颈,此次波音公司“星际客机”飞船的技术故障就是最直接的体现。
相比之下,中国的航天事业发展虽然起步较晚,但却在过去几十年里实现了从无到有,甚至是后来居上。
近年来,中国航天发展迅速,从“嫦娥”探月、“天问”火星探测,到“天宫”空间站的建设,中国航天展现出强大的系统集成能力和长远规划。
中国航天在政府主导下,通过集中资源和稳定投资,实现了技术的快速迭代和重大项目的连续成功。虽然在私营部门的活力上可能稍显不足,但其在国家支持下的系统性推进,确保了航天项目的稳定性和连续性。这非常值得我们的参考与借鉴。
မောင် ကောင်း ရိပ် …🇲🇲
၂၈,၁၂,၂၀၂၄
အာကာသဆီလှမ်းချီရင်းလမ်းပျောက်လာတဲ့ နာဆာ NASA
*****
လူသားတွေရဲ့အာကာသဆီခြေဆန့်မှုကို၁၉၆၂ခု ဧပြီလ၁၂ရက်မှာဆိုဗီယက်ယူနီယံကအာကာသသူရဲကောင်းယူရီ ဂါဂါရင်ကစတင်ခရီးနှင်ခဲ့ပါတယ်။
နောက်တစ်လတောင်မကြာပါဘူးမေလ၅ရက်မှာအမေရိကန်ရဲ့ အယ်လင်ရှက်ပါတ်ကလည်းအာကာပြင်ထက်ရောက်အောင်ပို့နိုင်လိုက်ပြန်တယ်။
အယ့်ဒီကစပြီးအမေရိကန်နဲ့ဆိုဗီယက်ပြည်ထောင်စု၂ခုအကြားဝါဒရေးရာအားပြိုင်မှုရဲ့ဗဟိုချက်မဟာအာကာသသိပ္ပံအရာမှာသာလွန်မှုရယူရေးဖြစ်လာတယ်။
နောက်၇နှစ်အကြာ၁၉၆၉ဇူလိုင်၂၄ရက်မှာတော့ နီးလ်အမ်းစထရွန်းကလမျက်နှာပြင်ပေါ်ဆင်းပြလိုက်နိုင်ပါတယ်။
အယ့်ဒီကာလကစပြီး နှစ်နိုင်ငံအားပြိုင်ပွဲမှာအမေရိကန်ကအသာစီးရသွားလိုက်တာ၁၉၉၀ခုဆိုဗီယက်ယူနီယံပြိုကွဲတဲ့အထိပါဘဲ၊
အာကာသလွန်းပျံယာဥ်နဲ့အာကသထဲပို့ဆောင်စားရိတ်ကိုလျှော့ချနိုင်တဲ့နည်းပညာကအစအမေရိကန်ကဦးဆောင်ခဲ့ပြီးနောက်ဆုံးအပြည်ပြည်ဆိုင်ရာ အာကာသဘူတာရုံအစီအစဥ်မှာရပ်ရှားကပါပါဝင်လာခြင်းဖြင့်အမေရိကန်ရဲ့အာကာပြင်ဆိုင်ရာနည်းပညာဦးဆောင်မှုနောက်ကလိုက်ပါခဲ့ရတဲ့အခြေအနေဆီသက်ဆင်းခဲ့ရတယ်။
အယ့်ဒီနောက်မှာတော့လူသားတွေအာကာပြင်ဆီစေလွှတ်တဲ့ဖက်ကိုသိပ်အားပြိုင်မှုတွေမရှိကြတော့ဘဲအခြားပိုအရေးကြီးတဲ့ပြိုင်ဆိုင်မှု ကဏ္ဍတွေဖက်ပိုအားသန်သွားကြပုံရပါတယ်။
သို့သော်သတင်းအချက်အလက်နည်းပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုနွေပြင်းထံလာအားပြိုင်လာကြနဲ့အတူအာကာသပါတ်လမ်းမှာဂြိုလ်တုတွေရာထောင်ချီအပြိုင်အဆိုင်လွှတ်တင်လာကြပြန်ပါတယ်။
ဒီတစ်ခါပြိုင်ဆိုင်ရင်ဆိုင်ဖက်တွေကတော့အမေရိကန်နဲ့ဆိုဗီယက်ယူနီယံတို့မဟုတ်တော့ဘဲတရုတ်နဲ့ဖြစ်လာတယ်။
မြေပြင် 5G,6G ဆက်သွယ််ရေးကွန်ယက်ဖြန့်ကျက်မှုတွေပြိုင်ဆိုင်လာသလို
ဂူဂယ်ကိုလည်းဘိုင်ဒုပြိုင်၊ Facebook, Twitter ကွန်ယက်တွေကို Wechat, Tiktok တို့ကပြိုင်လာတယ်၊
ဒီယှဥ်ပြိုင်မှုတွေရဲ့နောက်ခံကျောရိုးက အာကာသထဲကဂြိုလ်ထုကွန်ယက်တွေပါဘဲ။
အမေရိကန်တွေ လပေါ်လူတက် အာကာသနည်းပညာသရဖူဆောင်းချိန်တုန်းက
ခဲတစ်လုံးတောင်အာကာသထဲလွှတ်ဖို့စိတ်ကူးမယာဥ်နိုင်ခဲ့တဲ့တရုတ်ဟာ အခုအရှိန်အဟုန်နဲ့နည်းပညာရောပစ်လွှတ်ရစ်ပါတ်ထားတဲ့ဂြိုလ်တုပမာဏပါပုံခုန်းခြင်းယှဥ်လာနေတယ်။
အာကာသနည်းပညာအရာမှာနှစ်40မကဖြတ်ချန်ထားခဲ့တဲ့တရုတ်ကရုတ်ခြည်းပြိုင်ဖက်ဖြစ်လာတော့ ဘာကြောင့်ဘယ်ပုံဘယ်လိုဆိုတာဆန်းစစ်လာရတော့တယ်။
သေချာတာကတော့ အမေရိကန်အာကာသလေ့လာရေးလောကနှစ်50 လောက်ငိုက်မျဉ်းနေခဲ့တယ်။
အီလွန်မတ်စ်သာမကယ်ရင်သေဘွယ်သာရှိတော့တယ်။
အမေရိကန်ရဲ့အာကာသဆိုင်ရာလုပ်ငန်းစဥ်တွေကိုဦးဆောင်ဦးရွက်ပြုနေတဲ့အဖွဲ့အစည်းက နာဆာ NASA ခေါ် အမျိုးသားအာကာသနဲ့လေကြောင်းအေဂျင်စီကြီးပါဘဲ။
ဒီအဖွဲ့အစည်းဟာတချိန်ကအလွန်ကျော်ကြားအောင်မြင်တဲ့ ကမ္ဘာ့ဦးဆောင်အာကာသအေဂျင်စီကြီးဖြစ်ခဲ့ပေမယ့်အမေရိကန်အစိုးရအနေနဲ့အာပါသလေ့လာရေးထက်ပိုအလေးပေးတဲ့အခြားခေါင်းစဥ်တွေအပေါ်ပိအာရုံစိုက်ပိုမိုသုံးစွဲလာသလောက်နာဆာအတွက် ဘဏ္ဍာရေးသုံးစွဲမှုအားပေးအားမြှောက်ပြုမှုတွေကျဆင်းလာခဲ့ပါတယ်။
အခုဆိုရင်အမေရိကန်ရဲ့ဂြိုလ်တုလွှတ်တင်မှုဆိုင်ရာဆောင်ရွက်မှုတွေကိုနာတာထက်ပိုနည်းပညာသာတဲ့ အီလွန်မတ်ရဲ့ SpaceX အစီအစဥ်နဲ့ Star Link ကွန်ယက်ကဦးဆောင်မှုရယူသွားပါပြီ၊
Starlink ကွန်ယက်ဟာဂြိုလ်တုပေါင်း ၆၇၆၄ခုအထိလက်ရှိအာကာသပါတ်လမ်းပေါ်တင်ထားနိုင်တဲ့ပြိုင်ဖက်ကင်းကွန်ယက်ဖြစ်လာတယ်။
နာဆာကဒုံပျံတွေကတစ်ကီလိုဂရမ်အလေးချိန်ရှိတဲ့ကုန်စည်အာကာသထဲပို့နိုင်ဖို့ယဒေါ်လာ၄၀၀၀၀ကုန်ကျပါတယ်။
အီလွန်မတ်ရဲ့ပြန်သုံးနိုင်တဲ့ဒုံးပျံနည်းပညာက တစ်ကီလိုဂရမ်အတွက်ဒေါ်လာ၃၀၀၀ဘဲကျသင့်တယ်။
ထိရောက်မှုမှာ ၁၃ဆအထိကုန်ကျစားရိတ်ကွာခြားသွားတော့ နာဆာထက် SpaceX, Starlink စတဲ့ အီလွန်မတ်ရဲ့ အစီအစဥ်တွေတွင်ကျယ်သွားတာမဆန်းလှတော့ပါဘူး။
လောလောလတ်ကိုနာဆာရဲ့ဆောင်ရွက်မှုတွေလွဲချော်နေတဲ့အဖြစ်တစ်ခုကအတော်ဂယက်ရိုက်သွားခဲ့တယ်။
အပြည်ပြည်ဆိုင်ရာအာကာသဘူတာဆီကိုတာဝန်ထမ်းရွက်ကြဖို့ပညာ
မူလက၁၀ရက်သာအာကာသထဲနေရဖို့ နာတာကပညာရှင်၂ဦးဖြစ်ကြတဲ့ Butch Wilmore နဲ့ Suni Williams တို့ကိုလွန်ခဲ့တဲ့၂၀၂၄ ဇွန်လထဲမှာစေလွှတ်ပို့ဆောင်ခဲ့ပါတယ်။
သူတို့ရဲ့ခရီးစဥ်ဟာမူလက ၁၀ရက်လောက်ဘဲအာကာသထဲနေဖို့ဖြစ်ပေမယ့်
၂၀၁၅ခုမတ်လလောက်ကျမှဘဲပြန်ခေါ်ဖို့ခရီးကြုံမယ်လို့နာဆာကကျေညာလိုက်ပါတယ်။
ဆိုလိုတာကသူတို့ရဲ့အာကာသခရီးစဥ်ဟာ၁၀ရက်လောက်က နေ ၉လကျော်အထိဟိုမှာသောင်တင်နေဦးမယ်ဆိုတဲ့အခြေအနေဖြစ်သွားတယ်။
အာကာသစခန်းမှာသွားတာဝန်ထမ်းကြမယ့်ပညာရှင်တွေအတွက်အတော်လန့်စရာကသိပအောက်ဖြစ်မှုတစ်ခုဖြစ်သွားတယ်။
အဖြစ်ကအယ့်ဒီနိင်ငံစုံအာကာသစခန်းဆီကိုတာဝန်သွားထမ်းရွက်မယ့်သူတွေရဲ့အသွားအပြန်ခရီးစဥ်တွေအတွက် Boeing Company ရဲ့ StarLiner အစီအစဥ်ကတာဝန်ယူထားတယ်။
အယ့်ဒီအစီအစဥ်ထမ်းရွက်ရာမှာ ဘိုးအင်းဟာ ငွေကြေးနဲ့နည်းပညာဆိုင်ရာပြသနာတွေများစွာကြုံနေရတယ်၊
ဟီလီယမ်ဓါတ်ငွေ့တွေပေါက်ထွက်၊လမ်းကြောင်းပဲ့ကိုင်ရေး Ejector တွေပျက်လို့ပျက်နဲ့နောက်ဆုံးတော့ အီလွန်မတ်ရဲ့ SpaceX အစီအစဥ်ကကူးတို့ယာဥ်တွေနဲ့အကြုံလိုက်ရတော့မယ့်အခြေအနေဖြစ်သွားတယ်။
SpaceX အစီအစဥ်နဲ့တက်ကြမယ့်အာကာသခရီးစဥ်တွေလည်းသူအစီအစဥ်နဲ့သူသွားနေတာဆိုတော့ နိုင်ငံတစ်ကာအာကာသစခန်းမှာ ညပ်နေတဲ့သူ၃ဦးကိုဝင်ခေါ်ဖို့နဲ့နေရာအားလပ်ဖို့ကနောက်၃လကျော်ကြာဦးမှာဖြစ်တယ်။
ဒီတော့အယ်ဒီကံဆိုးသူပညာရှင်၂ဦးဟာအာကာသထဲမှာ၉လလောက်သောင်တင်နေရပါလိမ့်မယ်။
ဒီအဖြစ်ဟာ နာဆာအစီအစဥ်ရဲ့စီမံခန့်ခွဲမှုအားနည်းချက်၊ နည်းပညာနဲ့ ငွေကြေးထောက်ပံ့မှုဆိုင်ရာချို့တဲ့မှုကိုထင်ဟတ်သွားစေခဲ့တယ်။
အပြည်ပြည်ဆိုင်ရာကလာပူးပေါင်းကြမယ့်သူတွေအတွက်အမေရိကန်ဦးဆောင်တဲ့အစီအစဥ်အပေါ်ယုံကြည်မှုဆိုးဆိုးရွားရွားကျဆင်းစရာဖြစ်သွားတယ်။
အယ်ဒီဆီသွားတာဝန်ထမ်းရွက်ကြဖို့လန့်ကုန်တယ်၊
အခြားစိန်ခေါ်မှုကတော့အမေရိကန်ကမကထပြုတဲ့အပြည်ပြည်ဆိုင်ရာ
အာကာသစခန်းအစီအစဥ်မှာတရုတ်ကိုပါဝင်ခွင့်မပေးခဲ့ဘူး။
ဒီတော့တရုတ်ကသူပိုင်သီးခြားTiangong အာကာသစခန်းကိုလွှတ်တင်တည်ဆောက်ပြီးဖြစ်တယ်၊ အပြန်အလှန်ဘဲ အမေရိကန်ကိုအယ့်ဒီအစီအစဥ်မှာပါဝင်ဖို့မဖိတ်ခေါ်ဘူး၊
တရုတ်ကဒီအတွက်ငွေကြေးပုံသုံးတဲ့အပြင်နည်းပညာမှာလည်းအီလွန်မတ်လိုဘဲ
ပြန်သုံးလိုရတဲ့ဒုံးယာဥ်တွေနဲ့ပို့နိုင်ကြိုနိုင်သွားပြီ။
အာကာသဘူတာရုံနှစ်ခုစင်ပြိုင်ပေါ်ထွန်းလာရာမှာအမေရိကန်ရဲ့အပြည်ပြည်ဆိုင်ရာအာကာသဘူတာရုံအစီအစဥ်အပေါ်နိုင်ငံတစ်ကာယုံကြည်မှုပျက်ပြားသွားစေကုန်တာက သူတို့အတွက်ကြီးမားတဲ့ထိခိုက်နာမည်ပျက်စရာဖြစ်သွားတယ်၊
တရုတ်ဦးဆောင်တဲ့အာကာသဘူတာဟာနိုင်ငံတစ်ကာမိတ်ဖက်တွေအတွက်ပိုယုံကြည်ကိုယ်းစားမှုရယူနိုင်လာသလိုအရှိန်အဟုန်နဲ့လည်းရှေ့ဆက်သွားနေတယ်။
နာဆာရဲ့အနာဂါတ်ဘယ်လဲလို့မေးရတော့မယ်။
တရုတ်ဟာအာကာသတွင်းဂြိုလ်တုကွန်ယက်တွေကို Orbit ပါတ်လမ်းအနိမ့်အမြင့်တွေခွဲခြားပြီးလွှတ်တင်နေတယ်။
Growing Constellation နဲ့ Thousandsails Constellation ရယ်လို့ကွန်ယက်ကြီး၂ခုစင်ပြိုင်ပေါ်ထွန်းလာတယ်။
ဂြိုလ်တုခြင်းလေဆာရောင်ခြည်နည်းပညာသုံးဆက်သွယ်ရေးစံနစ်တွေတွင်ကျယ်အောင်မြင်လာနေတယ်၊
ပြီးခဲ့တဲ့နှစ်အတွင်းမှာအာကာသထဲပစ်လွှတ်မှုအကြိမ်၂၃၀ကျော်ပြုလုပ်နိုင်ခဲ့တယ်။
နည်းပညာဆန်းသစ်မှုတွေနဲ့အတူအာကာသကိုစိုးမိုးမှုရယူသွားနိုင်တော့မလားပူပန်လာကြတယ်။
ဆုတ်ယုတ်ကျဆင်းနေတဲ့နာဆာရဲ့စွမ်းဆောင်ချက်တွေအပေါ်ယုံကြည်မှုကျဆင်းလာနေပြီးအီလွန်မတ်စ်ရဲ့အစီအစဥ်တွေအပေါ်ပိုပိုမှီခိုလာနေရတယ်။
ထရမ့် ကမတ်စ်ကိုအစိုးရအဖွဲ့ထဲဆွဲသွင်းလိုက်တာဒါကြောင့်ဘဲဖြစ်ပါလိမ့်မယ်။
ထရမ့် အီလွန်မတ်စ်အတွဲနဲ့တရုတ်တို့ရဲ့အာကာသစွမ်းရည်ပြိုင်ပွဲကိုဆက်ရှုစားကြရတော့မယ်။
TZ🇲🇲
本文系胞波网独家稿件,如若转载,请注明出处:https://www.paukphaw.net/104860.html