ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းမှ လှူဒါန်းသည့် Covaxin ကိုဗစ် ကာကွယ်ဆေး ဒုတိယအသုတ် (၁)သန်း doses ထပ်မံရောက်ရှိ
ဂျပန်နိုင်ငံနိပွန်ဖောင်ဒေးရှင်းမှ ဒုတိယအသုတ်အဖြစ် လှူဒါန်းသည့် ကာကွယ်ဆေး (၁)သန်း doses သည် ၂၃-၁-၂၀၂၂ရက်နေ့၊ နံနက် (၉:၃၀)နာရီတွင် QATAR Airways Flight QR-8920 လေယာဉ်ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိလာကြောင်း သိရသည်။
ဂျပန်နိုင်ငံနိပွန်ဖောင်ဒေးရှင်းအနေဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတစ်ဆင့် လှူဒါန်းသည့် အမေရိကန် ဒေါ်လာ ၁၇ သန်း တန်ဘိုးရှိ Covaxin အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၂)သန်း doses အနက် ပထမအသုတ်(၁)သန်း doses သည် ၉-၁-၂၀၂၂ နေ့ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဝယ်ယူခြင်းမှ (၄၅) သန်း doses နှင့် လှူဒါန်းမှုမှ (၁၅)သန်းကျော် doses စုစုပေါင်း(၆၀)သန်းကျော် doses ရရှိပြီးဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှုအနေဖြင့် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၂၂)ရက်နေ့အထိ လူဦးရေ (၁၈.၂၅)သန်း ကို အကြိမ်ပြည့်ထိုးနှံပေးခဲ့၍ (၃.၄၉)သန်းကို တစ်ကြိမ်ထိုးနှံပေးခဲ့ပြီး ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးတစ်ကြိမ်နှင့်အထက်ထိုးနှံပြီးသူ စုစုပေါင်း (၂၁.၇၄)သန်းခန့် ရှိပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စုစုပေါင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေ (၄၀)သန်း doses ကို ထိုးနှံပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ကောင်းကောင်း
本文系胞波网独家稿件,如若转载,请注明出处:http://www.paukphaw.net/2211.html